Home » , » "Love Rosie" (2014) မြန်မာစာတန်းထိုး

"Love Rosie" (2014) မြန်မာစာတန်းထိုး

{[['']]}

ဒီတစ်ခေါက်မှာတော့ romantic ဆန်ဆန်အချစ်ကားလေးတွေကို နှစ်သက်သဘောကျတဲ့ Dreamers တို့အတွက် 22 Oct 2014 တုန်းကထွက်ရှိခဲ့တဲ့
 "Love Rosie" ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားလေးက အိုင်ယာလန်လူမျိုး စာရေးဆရာမ Cecelia Ahern ရဲ့ 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အရောင်းရဆုံး No.1 စာရင်းဝင် "Where Rainbows End" ဆိုတဲ့နာမည်ကြီး ဝတ္ထုလေးကိုပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Sam Claflin(Me Before You,2016) နဲ့ မင်းသမီးလေး Lily Collins(Mirror Mirror) တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာပါ ။ ဇာတ်ပို့တွေအနေနဲ့ကတော့ Christian Cooke နဲ့ Suki Waterhouse တို့ကပါဝင်အားဖြည့်ထားပါတယ်။ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဒါရိုက်တာကတော့ Christian Ditter ပါ။

Cast ကတော့

Rosie Dunne အဖြစ် Lily Collins
Alex Steward အဖြစ် Sam Calflin
Greg အဖြစ် Christian Cooke
Bethany Williams အဖြစ် Suki Waterhouse

ဇာတ်လမ်းအညွှန်းလေးကတော့

Rosie နဲ့ Alex က ငယ်သူငယ်ချင်းတွေပါ ။ အတူသွား အတူစားပြီး အိမ်မက်တွေအတူတူမက်ခဲ့ကြတဲ့ best friend တွေပေါ့။ Alex ကထူးချွန်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး Rosie ကတော့ကိုယ်ပိုင်ဟိုတယ်ကြီးတစ်လုံး ပိုင်ဆိုင်ချင်ခဲ့တယ်။ တစ်နေ့တော့ သူတို့နှစ်ယောက်ရဲ့အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ လမ်းစလေးရောက်လာပါတော့တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကို ဝေးကွာစေတဲ့လမ်းလေးဆိုလည်း  မမှားပါဖူး။ အဲ့အကြောင်းလေးက Alex က USA မှာကျောင်းသွားတက်ဖို့ Scholership ရလာတာပါ။ ဒီလိုနဲ့သူတို့နှစ်ယောက် ဝေးကွာသွားခဲ့ရင် တစ်ယောက်နဲ့တစ်ယောက်မသိအောင် တိတ်တိတ်လေးပုန်းထားတဲ့ အချစ်တွေက အေးစက်ပျောက်ကွယ်သွားမှာလား? ဒီကြားထဲ Rosie ဘေးမှာ Alex မရှိချိန် ကြုံလာတဲ့ဒုက္ခတွေကို Rosie တစ်ယောက်  ဘယ်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်သွားမလဲဆိုတာကိုတော့ Dreamers တို့ကပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါတော့နော်။

☆တစ်ကယ်ကိုကောင်းတဲ့ ဇာတ်ကားလေးပါ။Down ကြည့်ကြတဲ့ Dreamers တို့လုံးဝနောင်တမရစေရပါဖူး။ ☆နောက်ဆုံးအနေနဲ့ မှာချင်တာကတော့
တစ်ရှူးလေးဆောင်ထားပြီး ကြည့်ကြပါလို့...😓

ဒီကားလေးကိုတော့ Translater အဖြစ် Anner ł§ နဲ့ Encoder အဖြစ် Aung Ko Lin တို့က ထပ်မံကြိုးစားပြီး တင်ဆက်ပေးထားပါတယ်။
Dreamers လေးတွေ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ Dreamers တို့ကောင်းသောညပါနော်...

Quality       -  720p
Duration    - 1h 43mins
Size          - 565 MB
Myanmar Subtitle encoded
Translated by Anner ł§
Encoded by Aung Ko Lin

Download Love rosie
Share this article :

Post a Comment

Like Us On Facebook

 
Owned By : Thant Hlaing Oo | Dream Channel |
Copyright © 2016. Dream Channel - All Rights Reserved
Edited By Thant Hlaing Oo Published by Dream Channel
Thanks all our fans Have a great day!