List Of Movies

Tomorrow Boy (Web Drama) မြန်မာစာတန်းထိုး



Asian wiki 9.6/10
ဒီဇာတ်လမ်းမှာ Ahn tae pyeong 👎 ဆိုတဲ့ ပျိုတိုင်းကြိုက်တဲ့ ဆင်းရဲသား ကောင်လေးရဲ့ဘဝဇာတ်ကြောင်းလေးပါ မိဘ၂ပါးတပြိုင်တည်းဆုံးပါးပြီး အဖွားနဲ့ မောင်နှမ၄ယောက်ကို စောင့်ရှောက်ရင်း ကျောင်းတက်နေရတဲ့ ကျောင်းသားလေးရဲ့ ဘဝဇာတ်လမ်းလေးပါ ပေါ့ပေါ့ပါးပါး လေးမို့ ကြည့်ရှုရတဲ့ ပျော်ရွှင်မှုကို ပေးစေနိုင်တဲ့ web drama လေးပါရှင်

Quality : 540p
Duration : 16 Mins
Size : 67 MB
No of Episodes : 5
Myanmar Subtitle (Encoded)
Source:Google
#Copyright©DreamChannel (plss, credit when u post our videos)

[*Translated By - Nang Ei Sandar*]
[*Encoded By - Aung Ko Lin*]
[ရွှင်လန်းချမ်းမြေ့ကြပါစေ]

Download Ep01 (67MB)
Download EP02 (65MB)
Download EP03 (69MB)
Download EP04 (90MB)
Download EP05 End (87MB)
{[['']]}

Mary Stayed Out Allnight မြန်မာစာတန်းထိုး


Asian wiki-94%
Drama Fever-4.5/5
IMDB-7/10
Mary Stayed Out allnightဟာ၂၀၁၀ခုနှစ်​ကထွက်​ရှိတဲ့ကိုရီးယားdrama seriesဖြစ်​ပြီးJang Keun Sukနဲ့ Moon Geun Youngတို့အဓိကပါဝင်​ထားတဲ့ဇာတ်​လမ်းတွဲတစ်​ခုဖြစ်​ပါတယ်​။ဇာတ်​လမ်းအကျဉ်းက​တော့အ​ကြွေး​တွေဝိုင်း​နေတဲ့မယ်​ရီနဲ့မယ်​ရီရဲ့အ​ဖေတို့ဒုက္ခ​ရောက်​​နေချိန်​မှာသူ​ဌေးဖြစ်​သူဂျန်​ဆွတ်​ကမယ်​ရီတို့သားအဖရဲ့အ​ကြွေး​တွေအကုန်​လုံးကို​ချေ​ပေးခဲ့ပါတယ်​။တစ်​ဆက်​တည်းမှာပဲသူ​ဌေးကြီးဂျန်​ဆွတ်​ကသားဖြစ်​သူ​ဂျောင်​အင်းနဲ့မယ်​ရီ့ကိုလက်​ထပ်​​ပေးဖို့သ​ဘောတူထားခဲ့ပါတယ်​။မယ်​ရီက​ဂျောင်​အင်းကိုလက်​မထပ်​ချင်​ဘဲ​အဆို​တော်​ဖြစ်​ဖို့ကြိုးစား​နေတဲ့ဂန်းမူ​ယောကိုသူ့ရဲ့ရည်းစားအဖြစ်​ဟန်​​ဆောင်​​ပေးဖို့​တောင်းပန်​လိုက်​ပါတယ်​။နောက်​ဆုံးမှာမယ်​ရီအ​နေနဲ့မူ​ယောနဲ့ပဲလက်​ထပ်​မလားသူ​ဌေးသား​လေး​ဂျောင်​အင်းနဲ့ပဲလက်​ထပ်​သွားမလားဆိုတာကိုစိတ်​ဝင်​တစား​စောင့်​ကြည့်​သွားရမယ့်​ဇာတ်​လမ်းတွဲ​လေးဖြစ်​ပါတယ်​။

Quality : 360p
Duration : 1hr 05mins
Size : 266MB
No of Episodes : 1/16
Myanmar Subtitle (Encoded)
Source:Google
#Copyright©DreamChannel (plss, credit when u post our videos)

[*Translated By - Yan Min Aung*]
[*Encoded By - Aung Ko Lin*]
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
Download EP01
{[['']]}

Love 911 (2012 Korea movie)


နှစ်သစ်ရဲ့ပထမဆုံးနေ့ရက်လေးကို ဇာတ်ကားကောင်းလေးကြည့်ပြီး ဖြတ်သန်းချင်ကြတဲ့ Dreamers တွေအတွက် "Love 911" ဆိုတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးပါရစေ...

ပါဝင်ထားတဲ့အဓိကဇာတ်ဆောင်တွေကတော့...
Go Soo(Green Rose) နဲ့ Han Hyo Joo( W ခေါ် Two World) မှမင်းသမီးလေးတို့ပဲဖြစ်ပါတယ် ။
နောက်ဇာတ်ပို့အနေနဲ့ (Train To Busan) က ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ခင်ပွန်းသည် အားကောင်းမောင်းသန်မင်းသားကြီး Ma Dong Seok ကလည်းပါဝင်အားဖြည့်ထားပါသေးတယ်။
ဒါရိုက်တာကတော့ Jeong Gi Hun ပါ။ 2012 Dec 12 မှာထွက်ရှိခဲ့တဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

Cast ကတော့...

မီးသတ်သမား 'ဂန်အီ' အဖြစ် Go Soo
ဒေါက်တာမလေး 'ဂိုမီဆိုး' အဖြစ် Han Hyo Joo
Captain ကြီးအဖြစ် Ma Dong Seok

ဇာတ်လမ်းအညွှန်းလေးကိုတော့ dreamers တို့အပြည့်အဝခံစားနိုင်ဖို့အတွက် အသေးစိတ် မရေးပြတော့ဖူးနော်။
'ဂန်အီ'နဲ့ 'ဂိုမီဆိုး' တို့ရဲ့အမှတ်မထင်တွေ့ဆုံမှုကနေ ဘယ်လို အလွဲလွဲအချော်ချော်လေးတွေနဲ့ ဒါရိုက်တာကြီးက ဇာတ်ကြောင်းဖန်ထားသလဲ မီးသတ်သမားတို့ရဲ့ဘဝကို ဘယ်လိုဇာတ်ကွက်တွေနဲ့ တင်ဆက်ပြသသွားမလဲ ဆိုတာကိုတော့ Dreamers တို့ကပဲ ဆက်လက်ကြည့်ရှုခံစား လိုက်ကြပါတော့နော်။

ဒီဇာတ်ကားလေးကို Translator အဖြစ် Anner ł§ နဲ့
Encoder ကြီး Ko Aung Ko Lin တို့ကတစ်ဖန်ပြန်လည်ပြီး ကြိုးစားတင်ဆက်ပေးထားပါတယ်။
Dreamers တို့ နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေလို့ နူတ်ခွန်းဆက်သလိုက်ပါတယ်။
HAPPY NEWYEAR ပါနော်...

Quality - 720p
Duration - 2:00:48
File Size - 748 MB
Translated by Anner ł§
Encoded by Aung Ko Lin

Download Love911
{[['']]}

Thunderbolt (1995) မြန်မာစာတန်းထိုး

IMDB rating - 6.4%
ဒီတစ်ခါတော့ Jackie Chan ရဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးက1 september 1995 မှာထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ HongKong မင်းသား
Jackie Chan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ Chan Foh To(Jackie Chan) က HongKong ရဲတွေကို တရားမဝင် ပြိုင်ကားမောင်းတာတွေ ကို ဖြိုခွင်းဖို့ ကူညီတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။
ကဲ ဇာတ်လမ်းမှာ ဘယ်လို ဖြိုခွင်းဖို့ ကူညီပေးလဲဆိုတာ ကြည့်ရှုလိုက်ကြပါအုံး။

Duration - 1h 46mins
Size - 544MB
Myanmar Subtitle Encoded
Traslated by Soe Minn Thein
Encoded by Aung Ko Lin

Download Thunderbolt
{[['']]}

TimeLine (2014) မြန်မာစာတန်းထိုး



IMDB rating - 7.0%
timelineจดหมาย ความทรงจำ thai drama ဇာတ်​ကား​လေးဖြစ်​ပြီး
2014ကထွက်​ရှိခဲ့တဲ့ဇာတ်​ကား​လေးပဲဖြစ်​ပါတယ်​။
ဇာတ်​လမ်းအကျင်း​လေးက​တော့ နယ်​မြို့​လေးတစ်​မြို့မှာ ​နေထိုင်​တဲ့မိသားစုက​နေ ​မွေးဖွားလာတဲ့ မင်းသား
ထန်​(james jirayu) တစ်​​နေ့ အရွယ်​​ရောက်​လာတဲ့အခါ မိဘ​တွေရဲ့ဘိုးစဉ်​ဘာင်​ဆက်​ အသက်​​မွေး ၀မ်း​ကျောင်းဖြစ်​တဲ့ ​တောင်​ယာအလုပ်​ကိုစိတ်​မ၀င်​စားပဲ မြို့ပြမှာပညာသင်​ချင်​တဲ့ဆန္ဒပြင်းပြခဲ့တဲ့ အတွက်​ ထန်​ ရဲ့အ​မေကဘယ်​လိုမှ မတက်​နိုင်​ပဲ ​နောက်​ဆုံးမြို့မှာပညာဆက်​သင်​ဖို့ခွှင့်​ပြုလိုက်​တယ်​။ မြို့ပြ​ရောက်​တဲ့အခါနယ်​သားတစ်​​ယောက်​အ​နေနဲု့မြို့ပြရဲ့​နေထိုင်​ ၀တ်​စားဆင်​ယင်​မူ့မှာ အခက်အခဲတွေနဲ့ကြုံ​တွေ့ရပါ​တော့တယ်​။တစ်​​နေ့မှာ ထန်​ တစ်​​ယောက်​အတန်း​နောက်​ကျခဲ့ပြီးသူနဲ့အတူ  ဇွန်​(toey)ဆိုတဲ့​အတန်းသူတစ်​​ယောက်​လဲပါဝင်​ခဲ့ပါတယ်။ အဲဒီ​နောက်​မှာ သူတို့နှစ်​​ယောက်​ရင်းနှီးသွားခဲ့ပါတယ်​။နောက်​ပိုင်းမှာ ဇွန်​က ထန်​ကိုတစ်​ဖက်​သက်​ချစ်​မိသွားပြီး ထန်​က​​တော့သူငယ်​ချင်းအဖြစ်​နဲ့ပဲ ခင်​မင်​ခဲ့ပါတယ်​။တစ်​​နေ့မှာ ဇွန်​က ထန်​ကိုရုပ်​ရှင်​အတူသွားကြည့်​ဖို့​ပြောတဲ့အခါ ထန်​ကလဲ မညင်းပဲလိုက်​သွားခဲ့ပါတယ်​.ရုပ်​ရှင်​ရုံ​ရောက်​တဲ့အခါ ဇွန်​ရဲ့အမရင်းလို့ဖြစ်​​နေတဲ့ အွန်​ ဆိုတဲ့ဒါရိုက်​တာနဲ့​တွေ့ဆုံခဲ့ပြီး ထန်​က မြင်​မြင်​ချင်း​ အွန်​ ကိုနှစ်​သက်​သွားခဲ့ပါတယ်​...
ဇာတ်​လမ်းက​တော့ အဲဒီမှာစပြီးသုံးပွင့်​ဆိုင်​အချစ်​ဇာတ်​လမ်းက ဘယ်​လိုဆက်​ဖြစ်​လာမလဲ ထန်​က ကိုယ့်​​ဘေးနားမှာအမြဲရှိ​နေ​ပေးတဲ့ ဇွန်​ကို​ရွှေးချယ်​မလား အွန်​ ကို​ပဲ​ရွှေးချယ်​မလား ဆက်​လက်​ကြည့်​ရှူ့ခံစား​ပေးပါအုံး

Quality : 720p
Duration : 2hr 15mins
Size : 741MB
Myanmar Subtitle (Encoded)
Source:Google
#Copyright©DreamChannel (plss, credit when u post our videos)

[*Translated By - Kwee(mnk)*]
[*Encoded By - Aung Ko Lin*]
[ရွှင်လန်းချမ်းမြေ့ကြပါစေ]

Download TimeLine (2014)
{[['']]}

"Love Rosie" (2014) မြန်မာစာတန်းထိုး


ဒီတစ်ခေါက်မှာတော့ romantic ဆန်ဆန်အချစ်ကားလေးတွေကို နှစ်သက်သဘောကျတဲ့ Dreamers တို့အတွက် 22 Oct 2014 တုန်းကထွက်ရှိခဲ့တဲ့
 "Love Rosie" ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားလေးက အိုင်ယာလန်လူမျိုး စာရေးဆရာမ Cecelia Ahern ရဲ့ 2004 ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အရောင်းရဆုံး No.1 စာရင်းဝင် "Where Rainbows End" ဆိုတဲ့နာမည်ကြီး ဝတ္ထုလေးကိုပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Sam Claflin(Me Before You,2016) နဲ့ မင်းသမီးလေး Lily Collins(Mirror Mirror) တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာပါ ။ ဇာတ်ပို့တွေအနေနဲ့ကတော့ Christian Cooke နဲ့ Suki Waterhouse တို့ကပါဝင်အားဖြည့်ထားပါတယ်။ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဒါရိုက်တာကတော့ Christian Ditter ပါ။

Cast ကတော့

Rosie Dunne အဖြစ် Lily Collins
Alex Steward အဖြစ် Sam Calflin
Greg အဖြစ် Christian Cooke
Bethany Williams အဖြစ် Suki Waterhouse

ဇာတ်လမ်းအညွှန်းလေးကတော့

Rosie နဲ့ Alex က ငယ်သူငယ်ချင်းတွေပါ ။ အတူသွား အတူစားပြီး အိမ်မက်တွေအတူတူမက်ခဲ့ကြတဲ့ best friend တွေပေါ့။ Alex ကထူးချွန်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး Rosie ကတော့ကိုယ်ပိုင်ဟိုတယ်ကြီးတစ်လုံး ပိုင်ဆိုင်ချင်ခဲ့တယ်။ တစ်နေ့တော့ သူတို့နှစ်ယောက်ရဲ့အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ လမ်းစလေးရောက်လာပါတော့တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကို ဝေးကွာစေတဲ့လမ်းလေးဆိုလည်း  မမှားပါဖူး။ အဲ့အကြောင်းလေးက Alex က USA မှာကျောင်းသွားတက်ဖို့ Scholership ရလာတာပါ။ ဒီလိုနဲ့သူတို့နှစ်ယောက် ဝေးကွာသွားခဲ့ရင် တစ်ယောက်နဲ့တစ်ယောက်မသိအောင် တိတ်တိတ်လေးပုန်းထားတဲ့ အချစ်တွေက အေးစက်ပျောက်ကွယ်သွားမှာလား? ဒီကြားထဲ Rosie ဘေးမှာ Alex မရှိချိန် ကြုံလာတဲ့ဒုက္ခတွေကို Rosie တစ်ယောက်  ဘယ်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်သွားမလဲဆိုတာကိုတော့ Dreamers တို့ကပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါတော့နော်။

☆တစ်ကယ်ကိုကောင်းတဲ့ ဇာတ်ကားလေးပါ။Down ကြည့်ကြတဲ့ Dreamers တို့လုံးဝနောင်တမရစေရပါဖူး။ ☆နောက်ဆုံးအနေနဲ့ မှာချင်တာကတော့
တစ်ရှူးလေးဆောင်ထားပြီး ကြည့်ကြပါလို့...😓

ဒီကားလေးကိုတော့ Translater အဖြစ် Anner ł§ နဲ့ Encoder အဖြစ် Aung Ko Lin တို့က ထပ်မံကြိုးစားပြီး တင်ဆက်ပေးထားပါတယ်။
Dreamers လေးတွေ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ Dreamers တို့ကောင်းသောညပါနော်...

Quality       -  720p
Duration    - 1h 43mins
Size          - 565 MB
Myanmar Subtitle encoded
Translated by Anner ł§
Encoded by Aung Ko Lin

Download Love rosie
{[['']]}

Doctor Strange (2016)မြန်မာစာတန်းထိုး


IMDB -7.9/10
Rotten Tomatoes =91%

Dream Channelရဲ့ပရိ​သတ်​ကြီးကို၂၀၁၆ခုနှစ်​အတွင်းမှာ​ထွက်​ရှိတဲ့ Marvelရဲ့Doctor Strange
ဆိုတဲ့ဇာတ်​ကားနဲ့မိတ်​ဆက်​​ပေးလိုက်​ပါတယ်။Marvelရဲ့ ထုံးစံအတိုင်း ဇာတ်​ကားက​တော့​ ပြောစရာမလို​အောင်​​ ကောင်းမယ်​ဆိုတာ rating​တွေကိုကြည့်​တာနဲ့သိနိုင်​ပါတယ်​။ဇာတ်​လမ်းအကျဉ်းက​တော့ နာမည်​ကြီးခွဲစိတ်​ဆရာဝန်​Stephen Strange တစ်​​ယောက်​ကား accidentတစ်​ခုကို ကြုံပြီး​နောက်​မှာ သူ့ရဲ့လက်​​တွေကို​ ကောင်းမွန်​စွာမလှုပ်​ရှားနိုင်​ဖြစ်​ခဲ့ရပါတယ်​။ ခွဲစိတ်​ဆရာဝန်​တစ်​​ယောက်​ရဲ့အသက်​ဖြစ်​တဲ့ သူ့လက်​​ချောင်း​တွေပြန်​ကုဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့​ပေမယ့်​ အဆင်​မ​ပြေခဲ့ပါဘူး။ ဒီလိုနဲ့ လိုက်​စုံစမ်းရင်းကနေ နီ​ပေါဘက်​က​ မှော်​ပညာ​ကျောင်းတစ်​ခုကို​ ရောက်​သွားခဲ့ပါတယ်​။ဒေါက်​တာStrangeတစ်​​ယောက်​ သူရဲ့လက်​​တွေကိုပြန်​​ကောင်း​စေဖို့​ မှော်​ပညာကိုသင်​ယူ​ပေမယ့်​ အဆင်​​မ​ပြေဖြစ်​ခဲ့ရပါတယ်​။ဒီလိုအဆင်​မ​ပြေတဲ့ကြားထဲက အန္တရာယ်​တစ်​ခုကျ​ရောက်​လာတဲ့အခါ​ ဒေါက်​တာStrangeတစ်​​ယောက်​ ဘယ်​လိုကာကွယ်​မယ်​ဆိုတာကို Marvelရဲ့ထုံးစံအတိုင်း စိတ်​ဝင်​စားဖွယ်​ရိုက်​ကူးထား​သော ဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​ပါတယ်​။credit sceneက​တော့spoilဖြစ်​သွားမှာစိုးလို့ထည့်​မ​ရေး​တော့ပါဘူး။

Quality : HDTS 720p
Duration : 1hr 45mins
Size :  667mb
Myanmar Subtitle (Encoded)
#Copyright©DreamChannel (plss, credit when u post our videos)

[*Translated By - Chan Pyae Sone*]
[*Encoded By - Aung Ko Lin*]
[ရွှင်လန်းချမ်းမြေ့ကြပါစေ]

Download Dr.Strange
{[['']]}

Goblin (မြန်မာစာတန်းထိုး) 720p



Asian wiki 9.5/10
drama fever 4.7/5
Train to busanဇာတ်​ကားထဲမှမင်းသားဒုံယူ​ခေါင်း​ဆောင်​မင်းသားအဖြစ်​ပါဝင်​ပြီးစိတ်​ကူးယဉ်​ဆန်​​သောdramaဇာတ်​လမ်းတွဲဖြစ်​သည်​။ထာဝရရှင်​သန်​​နေ​သောဘဝကိုရပ်​တန့်​ရန်​လူသားသတို့သမီးတစ်​ဦးနှင့်​လက်​ထပ်​ရန်​လိုပြီးလူသားများကိုကာကွယ်​​ပေးတတ်​​သောမှင်​စာနှင့်​​သေမင်းတို့အတူတကွ​နေထိုင်​ကြသည့်​ဇာတ်​လမ်းဖြစ်​သည်​ထာဝရရှင်​သန်​​နေ​သောဘဝကိုရပ်​တန့်​​ပေးနိုင်​မည့်​​သေမင်းမှာအတိတ်​​မေ့​နေသည့်​အတွက်​မှင်​စာမှာဆက်​လက်​​နေထိုင်​​နေရပြီးမှင်​စာ၏immortal lifeကိုအဆုံးသတ်​ရန်​ကြိုးစားကြပုံများကိုစိ​တ်​ဝင်​စားဖွယ်​ဖြစ်​​အောင်​ရိုက်​ကူးထား​သောဇာတ်​ကား​ကောင်းတစ်​ကားဖြစ်​သည်​။

Quality : 720p
Duration : 1hr 29mins
Size : 560MB
No of Episodes : 1 / 16
Myanmar Subtitle (Encoded)
Source:Google
#Copyright©DreamChannel (plss, credit when u post our videos)

[*Translated By - Yan Min Aung*]
[*Encoded By - Aung Ko Lin*]
[ရွှင်လန်းချမ်းမြေ့ကြပါစေ]

Download Episode 1
Download Episode 2
{[['']]}

Tree Of Heaven (2006) K-Drama (မြန်မာစာတန်းထိုး) 360p

                     Tree Of Heaven (2006) K-Drama (မြန်မာစာတန်းထိုး) 360p

********************************************
AsianWiki - 93%
IMDb - 7.8 / 10


Tree of Heaven ဆိုရင်တော့ Park Shin Hye Fan တော်တော်များများရင်း
နှီးပြီးသားဖြစ်မှာပါ။ တော်တော်များများလည်း ကြည့်ဖူးကြပါလိမ့်မယ်။ ဒါပေ
မယ့် ယခု အခါတော့ ပရိတ်သတ်တွေ တော်တော်များများ တောင်းဆိုကြလို့
ရယ်..ကြည့်ပြီးတာကို ပြန်ပီး ကြည့်ချင်နေပါတယ်ဆိုတဲ့ သူတွေအတွက်
ကျွန်တော်တို့ DreamChannel admin team မှ မြန်မာစာတန်းထိုးနင့်
အမြန်ဆုံးတင်ဆက်ပေးလိုက်ရပါတယ်။

ဒီ Drama လေးကို ရိုက်ကူးခဲ့တဲ့ အခါမှာတော့ Park Shin Hye လေးရဲ့
အသက်ဟာ ၁၆ နှစ်ကျော်ကျော်လေးမျှသာရှိပါတယ်။ အရွယ်နဲ့ မလိုက်
အောင်ထူးခြားလွန်းတဲ့ သူမရဲ့ ပင်ကိုယ်သရုပ်ဆောင် စွမ်းရည်ကိုလည်း
ဒီစီးရီးလေးမှာ တမှေးတမော ကြီးခံစားရမှာဖြစ်ပါတယ်..။ ပြီးတော့
Kim Tae Hee ရဲ့ မောင်တော်စပ်သူ Lee Wan ရဲ့ သရုပ်ဆောင် ကျွမ်း
ကျင်ပါးနပ်မှုကို လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ ဒီဇာတ်ကားလေး
မှာလည်း ဂျပန်သရုပ်ဆောင်တော်တော်များများကလည်း ၀င်ရောက်ကူညီ
အားဖြည့်ပေးထားပါတယ်။ ကဲစကားရှည်ရှည်မပြော
တော့ဘူး အောက်မှာ အညွှန်းလေးဆက်ဖတ်ပေးပါခင်ဗျ။ ❤ ❤ ❤

ဟာနာ (PSH) ရဲ့ အဖေက သူ့အသက် ၁၀ နှစ်မှာကတည်းက ဆုံးပါးသွား
ခဲ့ပါတယ်။ ဖခင်က သေဆုံးခဲ့ပေမယ့်.. ဖခင်ကို သတိရ ချစ်ခင်တဲ့ သူ့ရဲ့
စိတ်ကတော့ ဘယ်တော့မှ မဆုံးရှုံးခဲ့ပါဘူး၊ နှင်းတွေဟာ ဘာမှမပြောပဲ
ရောက်လာခဲ့သလို၊ ဘာမှမပြောပဲနဲ့ ပြန်ထွက်သွားခဲ့ပါတယ်။ ဟာနာအမေက
လည်း၊ ဟာနာရဲ့ အဖေဆုံးပြီးနောက်ပိုင်း ဘ၀ကို အေးအေးချမ်းချမ်းဖြတ်သန်း
ချင်လို့ ဂျပန်ပြည်က ရွာလေးတစ်ရွာရဲ့ မိုတယ်ပိုင်ရှင်နဲ့လက်ထပ်လိုက်ပါတယ်
မိုတယ်ပိုင်ရှင်မှာ လည်းသားတစ်ယောက်ရှိပါတယ်။ ၊ မိုတယ်ပိုင်ရှင်ရဲ့သား
ယွန်ဆောင်း (LW) ဟာ ကိုးရီးယား အထက်တန်းကို အောင်မြင်လာသူဖြစ်
ပြီး၊ ဖခင်အခြေချရာ ရွာလေးကိုဂျပန်စာလေ့လာဖို့ ဖခင် ခေါ်တာနဲ့
ရောက်လာပါတော့တယ်။ ယွန်ဆောင်းဟာလည်း
သူ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ မိခင်သေဆုံးသွားလို့ အဲဒီက ရလာတဲ့ စိတ်ဒါဏ်ရာ
ဟာ သူ့အသက် ၂၀ ပြည့်တဲ့ထိနီးပါးပါပဲ။ တစ်ယောက်နဲ့မှ စကားမပြောပါဘူး။
သူ့အမေက လည်း မသေခင်မှာ နှင်းတွေကျတဲ့အချိန် အဲဒီနှင်းတွေနဲ့ အတူ
လာခဲ့မယ်လို့ပြောခဲ့သေးပါတယ်။
တစ်ရက်မှာ ဟာနာ ရဲ့ မိခင်တို့က ရွာတစ်ရွာမှာ မိုတယ်လုပ်ငန်းတစ်ခုသွား
လုပ်ဖို့အတွက် အချိန်ကျလာတဲ့အခါမှာတော့ ဟာနာရဲ့ အဒေါ်နဲ အပ်ခဲ့ပါတယ်။
ဟာနာရဲ့ အဒေါ်မှာ လည်း သမီးတစ်ယောက်
ရှိပါတယ်။ ဟာနာရဲ့ မိခင်တို့ ရွာတစ်ရွာမှာ မိုတယ်လုပ်ငန်းသွားရောက်စီစဉ်နေတဲ့
အချိန်မှာတော့ ဟာနာရဲ့ အဒေါ်က ဟာနာတို့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ
စိတ်ဝင်တစားနဲ့ ကြည့်ရှုအားပေးလိုက်ကြပါစို့လား။...။...။...။...။...။...။...။...။...။

ှQuality : 360p
Duration : 1hr 05 mins
Size : 330 mb
No of Episodes : 1 / 10
Myanmar Subtitle (Encoded)

                                             [*Translated and Encoded By - Thant Hlaing Oo*]

                                                                    [ရွှင်လန်းချမ်းမြေ့ကြပါစေ]

{[['']]}

Grown Up - 2 (2013) - မြန်မာစာတန်းထိုး 720p Bluray

Grown Up - 2 (2013) - မြန်မာစာတန်းထိုး 720p Bluray

Quality : 720pBlu ray

Size : 745 Mb

Duration : 1h 41min

Translated By : Ye Yint Kyaw

Encoded By : Aung Ko Lin

ဒီ Grown ups 2 ကားလေးကတော့ Imdb အားဖြင့် 5.4ရရှိထားပါတယ် Imdbနည်းလို့တော့မကောင်းဘူးမထင်ပါနဲ့ ဟာသမင်းသားကြီး Adam Sandler ပါဝင်ထားတဲ့grown ups 2010မှအဆက်ဖြစ်ပါတယ် ဒီကားလေးမှာတော့ သူတို့သူငယ်ချင်းလေးယာက်အကြောင်းရိုက်ကူးထားတဲ့ပုံစံလေးပါ။ တစ်ယောက်တစ်ခန်းစီကိုတော့ အနည်းအကျည်းလောက်ပဲပြထားပါတယ်။ အောက်မှာ အညွှန်းဆက်ဖတ်ပါ...

သူတို့လေးယောက်ကောလိပ်က ကလေးတွေနဲ့တွေ့ပြီးသူတို့တွေကအိုနေပြီ အသုံးမကျတော့ဘူးထင်ခဲ့ကြပေမဲ့နောက်ဆုံးမှာပါတီပွဲကောင်းကောင်းတစ်ပွဲလုပ်နိုင်ခဲ့ပါတယ် ကံကောင်းလာ၊ ကံဆိုးလား မသေချာတဲ့ ဘီလီ အတွက် ဘီလီ ရဲ့ မိန်းမမှာ ကလေး လေးယောက်မြောက်လေးရလာပါတော့တယ် ။ဘီလီက ကလေးကို အစောကတည်းက မလိုချင်ခဲ့ပါဘူး

 နောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ မပြောတော့ပါဘူး။ သိပ်ညွှန်းလို့လည်းမကောင်းဘူးဗျ။ တစ်ကားလုံးရယ်စရာတွေချည်းပါနေတော့။ ပရိတ်သတ်တို့ပဲ ဆက်လက် ကြည့်ရှုလိုက်ပါ

ဒီကားလေးထဲမှာတော့ Twilight ကဝံပုလွေမင်းသား ဂျေကော့ကို ပေါတောတောကောလိပ်ကျောင်းသားအနေနဲ့တွေ့ရမှာပါဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်

{[['']]}

Collective Invention 2015 မြန်မာစာတန်ထိုး 720p Bluray

Collective Invention (2015 Korea movie) - မြန်မာစာတန်းထိုး

<>•<>•<>•<>•<>•<>•<>•<>•<>•<><>•<>•<>•<>•<>•<>•<>•

IMDb - 6.3/10

Box office: 1.6 million USD

အားလုံးပဲ မင်္ဂလာပါရှင့်...
အခု Dreamers တို့ကိုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Runner တို့ရဲ့အချစ်တော်
Lee Kwang Soo (Giraffe/Asia's Prince)လေးက main actor အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ "Collective Invention" ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...
2015 စက်တင်ဘာလ 15ရက် နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာ Oh Kawng kwon ရဲ့လက်ရာလေးပဲဖြစ်ပါတယ်။ နောက်ထပ်ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကတော့ ချစ်စရာပုံစံလေးနဲ့ ပရိတ်သတ်တွေကို ဖမ်းစားထားတဲ့မင်းသမီးလေး Park Bo Young( Oh my Ghostress )ပဲဖြစ်ပါတယ်။ သူဟာဆိုရင် မင်းသား Song Joon Ki (Dots) နဲ့ ရုပ်တူလွန်းလို့ 'eye smile couple' မောင်နှမတွေဆိုပြီး ပရိတ်သတ်တွေကြား ရေပန်းစားသူတစ်ယောက်ပါ။ နောက်ထပ်အနေနဲ့ကတော့ မင်းသား Lee Chun Hee နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်တွေ များစွာပါဝင်အားဖြည့်ထားပါတယ် ။

Cast ကတော့...

ငါးလူသား 'ပက်ဂူ' အဖြစ် Lee Kwang Su
'ပက်ဂူ' ရဲ့ရည်းစား အဖြစ် Park Bo Young
သတင်းထောက် 'ဆန်းဝမ်' အဖြစ် Lee Chun Hee
သုတေသနပါရဂူ 'ဒေါက်တာဗြောင်' အဖြစ် Lee Byung Joon
'ရှေ့နေကင်' အဖြစ် Kim Hee Won
'ပက်ဂူ'ရဲ့ဖခင် အဖြစ် Jang Gwang
တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်...

ဇာတ်လမ်းအညွှန်းလေးကတော့...

'ပက်ဂူ'ဟာ ပိုက်ဆံသိန်း ၃၀၀ ရဖို့အတွက် ဒေါက်တာဗြောင်ဆီမှာ အစမ်းသပ်ခံရာကနေ မှားယွင်းမှုဖြစ်ပြီး 'ငါးလူသား' အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
ကုသဖို့နည်းလမ်းလည်းမရှိပါဖူး။ အဲ့ဒီအကြောင်းကို 'ပက်ဂူ' ရဲ့ရည်းစားလေး 'ဂျူ ဂျင်း'က အင်တာနက်အပေါ်တင်လိုက်တဲ့အခါ လူတွေကြားမှာ ပဟေဠိဖြစ်ပြီး အငြင်းပွားစရာတစ်ခု ဖြစ်လာပါတော့တယ်။ သတင်းထောက် 'ဆန်းဝမ်'က 'ဂျူ ဂျင်း'ကိုသွားရောက် အင်တာဗျူးတဲ့အခါမှာတော့ အဖြစ်မှန်ကို လူတွေသိသွားကြပါတော့တယ်။ ငါးလူသားအဖြစ် ပြောင်းလဲသွားတဲ့ 'ပက်ဂူ'ကို လက်ခံတဲ့သူရှိသလို လက်မခံနိုင်တဲ့သူတွေလည်း ရှိကြပါတယ်။ ဒီလိုနဲ့ 'ပက်ဂူ'တစ်ယောက် 'ဒေါက်တာဗြောင်' နဲ့အမှုရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကိုတော့ Dreamers တို့ကပဲ ဆက်လက်ကြည့်ရှု ခံစားလိုက်ကြပါတော့နော်...
တစ်ကယ်ကို ဟာသနဲ့ သနားစရာ ရသလေးတွေကို တစ်ပြိုင်တည်းပေးစွမ်းနိုင်ပြီး လူတွေရဲ့ သဘောထား အကျင့်စရိုက်တွေကို ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို Translator အနေနဲ့ Anner ł§ နဲ့ Encoder အနေနဲ့ကတော့ Ko Aung Ko Lin တို့က ပူးပေါင်းတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။
"Dream Channel"ပရိတ်သတ်ကြီးတို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်...


Collective Invention (2015)

Genre - Mystery, Comedy 

Duration : 1:33

Myanmar Subtitle Encoded

Quality - 720p Bluray

Size : 700Mb (HD)

{[['']]}

Toy Story - That Time Forgot (2014) မြန်မာစာတန်းထိုး -720p Bluray (200mb)

Toy Story That Time Forgot - 2014 (မြန်မာစာတန်းထိုး)


IMDb 7.2 ရရှိထားပြီး Rotten Tomatoes 100% ရာရှိထားတဲ့ Animation ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ

Toy Story နဲ့ အလှမ်းဝေးနေတဲ့ ပရိတ်သတ်များ အဖို့ အားလပ်ရက်မှာ စိတ်ကြည်နှုးဖွယ်ကြည်လို့ရအောင်
၂၀ မိနစ်စာ mini film လေးနဲ့မိတ်ဆက်ပေးပါရစေ၊ 2014 ခုနှစ်က ထွက်ထားတာပါ၊ နောက်ပိုင်းလည်း
Mini Serie လေးတွေအများကြီးတင်ပေးသွားမှာပါ။

ဒီဇာတ်လမ်းလေးက နည်းနည်းတော့ ထူးဆန်းတယ်ဗျ၊ အရင် လို ၀ူဒီ နဲ့ ဘတ်စ် တို့ရဲ့ ဇာတ်ကောင်ကို ဦး
စားပေးထားတဲ့ပုံစံမျိုးမဟုတ်ပဲ တစ်မျိုးအဖြစ်ခွဲထွက်နေပါတယ်၊၊ ဘေဘီ ရီန်းဒီး လေးနဲ့ ဇာတ်ကောင်သစ်
တစ်ခုဖြစ်တဲ့ ရပ်တေးလက်စ် တို့ကို အသားပေးထားတဲ့ ဇာတ်လမ်းပါ၊

ကဲ အညွှန်းရေးရမယ်ဆိုရင်တော့
ဘွန်နီဟာ- အရုပ်လေးတွေနဲ့ဆော့ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ ။ သူ အရမ်းကြိုက်တဲ့
အရုပ်လေးတွေက ၀ူဒီ။ ဘတ်စ်၊ ကစ်တီဆောရပ်၊ ဒယ်ဒီ ရိန်းဒီး၊ နဲ့ ဘေဘီရိန်းဒီး တို့ပဲဖြစ်ပါတယ်။ တစ်နေ့
မှာ ဘွန်နီ့ အမေက ခရီးထွက်စရာတစ်ခု ရှိတဲ့အတွက်ကြောင့်၊ ဘွန်နီ့ သူငယ်ချင်း မေဆန် အိမ်မှာသွားထား
ခဲ့ပါတယ်။ ဘွန်နီက လည်းသူအရမ်းကြိုက်တဲ့ အရုပ်လေးတွေကိုယူလာပါတယ်။ မေဆန် က အရင်က အရုပ်
တွေကို အရမ်းရူးသွပ်သူဖြစ်ပြီး၊ ခရစ္စမတ်ကာလာဆိုတော့ ဂိမ်းစက်တစ်ခု လက်ဆောင်ရထားခဲ့ပါတယ်။
အဲတာနဲ့ပဲ သူက အရုပ်တွေကို ဂရုစိုက်ဖော်မရပဲ၊ဂိမ်းသာ ကစားနေတဲ့အတွက်၊ အရုပ်တွေက ဖြစ်ချင်တိုင်း
ဖြစ်နေပါတယ်(Toy Story ဆိုတော့....) အဲဒါနဲ့ပဲ ဘွန်နီက ဂိမ်းစက်ကို မြင်တော့သူလည်း စိတ်ပါသွားပြီး
အရုပ်ထည့်လာတဲ့ အိပ်ကိုပါပစ်ပြီး ဂိမ်းကစားပါတော့တယ်။
အဲတာနဲ့ ဘွန်နီ ရဲ့ အရုပ်တွေဟာ၊ မေဆန်ရဲ့ အရုပ်တွေထားတဲ့နေရာဆီကိုရောက်သွားပြီး၊ မေဆန်ရဲ့
အရ်ုတွေဆီမှာ အနိုင်ကျင့်ခံနေရပါတော့တယ်။ ထူးဆန်းတာက မေဆန်ရဲ့ အရုပ်တွေဟာ ဒိုင်နိုဆောရုပ်
တွေဖြစ်ပါတယ်။ အနိုင်ကျင့်ခံနေရတဲအချိန်မှာ ညာဏ်ကောင်းလှတဲ့ ဘေဘီ ရိန်းဒီး လေးဟာ၊ ဒိုင်နိုဆော
တွေလက်ထဲက တစ်ဖွဲ့လုံးလွတ်အောင်ကယ်တင်မလား၊ ဒါမှမဟုတ်..... ဘာဆက်ဖြစ်လာမလဲတော့
မပြောတော့ပါဘူး၊၊၊ ဆက်သာကြည့်လိုက်ပါတော့ဗျ...

Quality - 720p Blu ray

Size - 200Mb

Myanmar Subtitle Encoded

Duration - 21 minutes

Genre - mini films, comedy, animaion

Review and Encoded By - Thant Hlaing Oo

Translated By - Shady XXX

{[['']]}

Jack Reacher Never Go Back - 2016 - မြန်မာစာတန်းထိုး - HDTS version

 ဒါရိုက်တာ Edward Zwick ဆိုရင်လူတိုင်းသိကြမယ် ထင်ပါတယ်
နာမည်ကျော်ကားတွေဖြစ်တဲ့ Blood Diamond, The Last Samurai ဆိုတဲ့ကားတွေကို
နည်းစနစ်ကျကျ ရိုက်ကူးခဲ့သူပါ
အခုလည်း Jack Racher: never go back ဆိုတဲ့ ဇာတ်ကားကို 2016 ခုနှစ်မှာရိုက်ကူးခဲ့ပါတယ်။
အောက်မှာ အညွှန်းဆက်ဖတ်ပေးပါ


Jack Reacher: Never Go Back ဆိုတဲ့ ဒီကားလေးကတော့ 2012 မှာ ထွက်ရှိခဲ့တဲ့ Jack Reacher ရဲ့ Sequel ဖြစ်ပြီး စာရေးဆရာ Lee Child ရဲ့ ရောင်းအားအကောင်းဆုံးဝတ္ထုဖြစ်တဲ့ Never Go Back ကို အခြေခံရိုက်ကူးထားတာပါ။ အားလုံးသိတဲ့အတိုင်း မင်းသားကတော့ နာမည်ကျော် Tom Cruise ပါ။ Edge of Tomorrow, Oblivion စတဲ့ ရုပ်ရှင်တွေမှာ သူ့နာမည် မှေးမှိန်ခဲ့ရပေမယ့် Mission Impossible 5: Rogue Nation အပြီးမှာတော့ နာမည်ပြန်ရလာပြီး Jack Reacher Sequel ကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ Action, Crime ကားတွေရဲ့ ထုံးစံအတိုင်းပဲ Rating နည်းပေမယ့် ကြည့်သင့်တဲ့ကားတစ်ကားပါ။ Imdb 6.3 ရထားတဲ့ ကားကောင်းတစ်ကောင်းပါ။ နောက်ပိုင်းနှစ်တွေမှာလဲ Tom Cruise ကို Mummy Reboot ကားတွေမှာတွေ့ရတော့မယ်ဆိုတာ ကြိုတင်သတင်းပါးရင်း....

Review Credit - Arkar Phyo
Translated By - Yan Min Aung
Encoded By - Aung Ko Lin

 

{[['']]}

Running Man episode 325 - မြန်မာစာတန်းထိုး

ကဲကဲ ခုတော့ Running Man fan တွေအတွက်ပေါ့
အကောင်းဆုံးကွာလတီ၊ ကို SKL ရဲ့တိကျတဲ့ ဘာသာပြန်မှု၊ ကို Aung Ko Lin ရဲ့ ကျွမ်းကျင်တဲ့ encode မှုတွေနဲ့ ကျွန်တော်တို့ရဲ့ ပရိတ်သတ်ကြီးအတွက် Epi 325 ကိုတင်ပေးလိုက်ပြီနော...။
Capture လည်းလာမှပါ။ coming soon နော်...
Bro တို့ Sis တို့လုပ်ပေးရမှာက ကြည့်ပီးရင် share ပေးဖို့ပါပဲ....ငိငိ

ကဲ ... ဒီအပိုင်းလေးမှာတော့ Leessang အဖွဲ့က RM member ဟောင်း😓 Gary က Guest အနေနဲ့ ပြန်လည်ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။
MEMBER တွေကို Gary ရဲ့ စတူဒီယိုကိုသွားပြီး
ဘာတွေလုပ်ကြလဲဆိုတာတော့ ကွကိုယ်ပဲဆက်ကြည့်လိုက်ပါတော့။..ငိငိ
ငိုတော့ မငိုနဲ့နော်.. တစ်ရှူးလေးတော့ဘေးမှာထားပေါ့...
ကဲကဲ.. ကွကိုယ်ပဲဆက်ကြည့်လိုက်တော့.




{[['']]}

Hands Of Stone (2016) မြန်မာစာတန်းထိုး

ဒီတစ်ခေါက်တော့ 2016 ခုနှစ်မှာထွက်ထားပြီး မကြည့်မဖြစ် ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ
ဒါကတော့ IMDB 6.7 ရထားတဲ့ Hands Of Stone ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ 720p HD bluray Quality
လေးနဲ့တင်ဆက်ပေးလိုက်ရပါတယ်။

လက်ဝှေ့အားကစားကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ၊ အထူးနှစ်ခြိုက်မှာပါ။
1970 ခုနစ်က လက်ဝှေ့ချန်ပီယံ Roberto Duran အကြောင်းကိုရိုက်ကူးထားတာပါ။
စိတ်ဝင်စားဖို့အတော်လေးကိုကောင်းပါတယ်။ ထွေထွေ ထူးထူးညွှန်းစရာတော့ မရှိတော့ပါဘူး
ခုပဲဒေါင်းပြီးကြည့်လိုက်ကြပါတော့လို့ ပဲ ပြောကြားပါရစေ
(ကိုအောင်ကိုလင်းက ဘာသာပြန်ပြီး Encode ပါလုပ်ပေးထားပါတယ်)

Quality - 720p Blu-Ray

Size - 900 MB (HD)

Myanmar Subtitle Encoded

Small File - Coming Soon


{[['']]}

The.Legend.of.the.Blue.Sea





ခုတ​လော လူ​ပြောများ​နေတဲ့ Korean series ​လေးဗျ အပိုင်း ၂၀ ပါဝင်​ပီး November 16 က​နေ January 19 ရက်​​နေ့အထိ SBS channel က​ မြန်​မာစံ​တော်​ချိန်​ ၇:၃၀ ​လောက်​မှာ ထုတ်​လွှင့်​မှာပါ...အဓိက ဇာတ်​​ဆောင်​​တွေက​တော့ နှုတ်​ခမ်းနီမ​လေး​တွေရဲ့ အသည်းစွဲဖြစ်​တဲ့ လီမင်​ဟိုနဲ့ ဂျန်ဂျီဟွန်းတို့ပဲဖြစ်​ပါတယ်​ ၁၅၈၆ ခုနှစ်​​လောက်​က ​ရွာတစ်​ရွာမှာ ​ရေသူမတစ်​​ကောင်​(ဂျန်​ဂျီဟွန်​)​လေမုန်​တိုင်း​ကြောင့်​ ​သောင်​တင်​ခဲ့ပါတယ်​....အဲ​နောက်​ မြို့​တော်​ဝန်​(လီမင်​ဟို)က သနားပီး သူ့လက်​က ​ကျောက်​စိမ်းလက်​​ကောက်​​လေးကို ​ပေးပီး​တော့ ပြန်​လွှတ်​ခဲ့ပါတယ်​... အဲ​နောက်​မှာ​တော့ နှစ်​​တွေကြာပီး ၂၀၁၆ ကို ​ရောက်​ရှိလာခဲ့ပါတယ်​... မြို့​တော်​ဝန်​ (လီမင်​ဟို)က ဆိုလ်းမြို့မှာ မျက်​လှည့်​ပညာရှင်​တစ်​​ယောက်​အဖြစ်​ လူပြန်​ဝင်​စား​နေတဲ့ အချိန်​​ပေါ့....သူက ကျွန်းတစ်​ကျွန်း​ပေါ်မှာ လာအပန်း​ဖြေ​နေခဲ့ပါတယ်​...အဲအချိန်​မှာ မုန်​တိုင်းတစ်​ခု ထပ်​ကျ​ရောက်​ခဲ့ပြန်​တယ်​....အဲမုန်​တိုင်း​ကြောင့်​ ​ရေသူမ​လေး(ဂျန်​ဂျီဟွန်​)ဟာ လီမင်​ဟို​ရောက်​​နေတဲ့ကျွန်း​ပေါ်ကို ထပ်​​သောင်​တင်​ခဲ့ပြန်​တယ်​..​ရေသူမ​လေးက ကုန်း​ပေါ်တက်​လိုက်​တာနဲ့ လူ​ခြေ​ထောက်​​တွေရရှိလာခဲ့ပီး လီမင်​ဟိုရှိ​နေတဲ့ ဟိုတယ်​အခန်းထဲကို ဗိုက်​ဆာဆာနဲ့ တစ်​ခန်းလုံးကို လှန်​ပြန်​စား​သောက်​ခဲ့ပါတယ်​....အဲတာကို လီမင်​ဟိုက​တွေ့သွားတဲ့အခါ ရဲလက်​ကို အပ်​ခဲ့ပါတယ်​...ပီးမှ သူ သတိထားမိတာက သူမလက်​က လက်​​ကောက်​ပါပဲ....အဲလက်​​ကောက်​အ​ကြောင်းကို ဆက်​စုံစမ်းတဲ့အခါ သူက နှစ်​​ပေါင်း ၄၀၀​ကျော်​​နေပီဖြစ်​တဲ့ ​ရှေး​ဟောင်းပစ္စည်းဆိုတာ သိခဲ့ပါတယ်​...အဲတာနဲ့ ဂျန်​ဂျီဟွန်​ ကို ပြန်​သွားရှာခဲ့ပါတယ်​...ဒါ​ပေမယ့်​ ဂျန်​ဂျီဟွန်​က ခုမှ လူ့​လောကထဲ ဝင်​လာတာဆို​တော့ ဘာဆိုဘာမှမသိပါဘူး....လီမင်​ဟိုက ​ကျောက်​စိမ်းလက်​​ကောက်​ကို ယူပီးတဲ့အခါမှာ​တော့ ဂျန်​ဂျီဟွန်​ကို ထားခဲ့မလား...သူနဲ့ပဲ ဆက်​ထားမလားဆိုတာကို ​စောင့်​ကြည့်​ရမှာပါ
Download E01
400Mb
{[['']]}

Bad Moms (2016) မြန်မာစာတန်းထိုး 18+ (720p HD)

Bad Moms (2016) မြန်မာစာတန်းထိုး 18+


IMDb : 6.3

Rotten Tomatoes : 60%


(18+ ဆိုလို့ ညစ်ညမ်းအခန်းတွေ အများကြီးနဲ့ကားလို့ မထင်လိုက်နဲ့ဦး၊ ညစ်ညမ်းစွာပြောဆိုတဲ့အခန်းတွေရယ်၊ ကွက်ကွက်ကွင်းကွင်း မြင်အောင်ပြောတဲ့
အခန်းတွေရယ်ပါတာကြောင့် 18+ ratings ဆိုပီးသတ်မှတ်ပါရစေ၊ ကလေးတွေအတုမယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ)

The Hangover ဟာသ ဇာတ်ကားကို လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။ ယခုဟာက Hangover ကားကိုဖန်တီးခဲ့တဲ့ စာရေးဆရာက 2016 မှာတဖန် ဟာသ
ကားတစ်ကားကို ဖန်တီးလိုက်ပါပြီ။

လင်ယောက်ျားတွေကို စိတ်ကုန်နေတဲ့ ကလေးအမေ မိန်းမကြီးတွေရဲ့ အလွဲလွဲ အလျော်လျော် ဖြစ်ပုံများကို hilarious ဖြစ်အောင် ရိုက်ကူးထားတဲ့ကားကောင်း
လေးတစ်ကားဖြစ်ကြောင်းပြောကြားလိုက်ရပြီး၊ လပြည့်ကျော်တစ်ရက်နေ့မှာ စိတ်လွတ်ကိုယ်လွတ် ရယ်နိုင်ကြပါစေ
(Warning- 18+(ညစ်ညမ်းအခန်း) အနည်းငယ်ပါဝင်သည်။ ဆဲခန်းအလွန်များသည်။ ကွက်ကွက်ကွင်းကွင်း ဘာသာပြန်ပေးထားသည်)

**************************

*Genre : Comedy                           *

*Duration : 1:41                            * 

*Quality : 720p Blue Ray              *

*Size : 785 Mb(HD)  Big File       *

*Small File : Uploading...........     *

**************************


(Anner ł§ မှ ဘာသာပြန်ထားပြီး၊ အောင်ကိုလင်း မှ Encode ပေးထားပါတယ်)


*THO*
{[['']]}

The Magician - 2015 (မြန်မာစာတန်းထိုး)

The Joseon Magician (2015) - မြန်မာစာတန်းထိုး

************************************

မင်္ဂလာရှိသော တန်ဆောင်တိုင်အခါသမယ ဖြစ်ပါစေ၊ အစစ အရာရာ အဆင်ပြေပါစေလို့ Dreamers များအား DC family က နှုတ်ခွန်းဆက်သလိုက်ရပါတယ်
တန်ဆောင်တိုင်ညကို စိတ်ဝင်စားစရာကောင်းတဲ့ ကိုးရီးယား fantasy ကားကောင်းတစ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ

IMDB - 5.9/10

____________
Quality : 720p HD Blue Ray rip
Big File : 900mb for HD
Small File : 400mb for SD (good quality)
Genre : Fantasy, Action&Adventure
Durations of Movies : 1:46:32
Myanmar Subtitle (Encoded)

_______________________

သုံးသပ်ချက်

*********
ဒီတစ်ခေါက်မှာတော့ ထူးထူး ခြားခြား Box office ဒေါ်လာ ၃.၂ သန်း ၀င်ငွေရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ၊ မင်းသားကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Yoo Seung-ho ဖြစ်ပြီး၊ မင်းသမီးကတော့ Go-Ara ဖြစ်ပါတယ်၊ ဇာတ်ကားကို
သေချာသပ်ရပ်အောင်ရိုက်ကူးနိုင်ခဲ့တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး ဒါရိုက်တာ Kim Dae Sung ပဲဖြစ်ပါတယ်။ ထူးခြားတာက ဒီဇာတ်ကားက ထွက်တောင့်ထွက်ခဲ့ ကိုးရီးယားး ရာဇ၀င် Film ပဲဖြစ်ပြီး၊ရာဇ၀င် Film သမိုင်းမှာ 3.2 million dollars Box-Office ရခဲ့တဲ့ထိ ထူးထူး
ခြားခြားဖြစ်ခဲ့ပါတယ်။ 21 ရာစုအတွင်းမကြည့်မဖြစ် ကိုးရီးယား ရာဇ၀င်ဇာတ်ကားကောင်းတစ်ကားပါ။ ထူးဆန်းတာနောက်တစ်ခုက ဒီကားထဲက မင်းသားကလည်း၊ ဒီဇာတ်ကားကို မရိုက်ခင် အပြင်မှာ သူကိုယ်တိုင် မျက်လှည့်ပြတတ်အောင်ကြိုးစားခဲ့ပါတယ်။ ကဲကဲ.. အောက်မှ
အညွှန်းလေးတော့ သေချာဖတ်ပေးပါနော်
_________________________________________________________________

Plot

***

ဒီဇာတ်ကားလေးက တော့ Joseon မြို့နယ်က မျက်လှည့်ဆရာတစ်ယောက်ရဲ့ ဘ၀ကို အခြေပြုပြီးရိုက်ကူးထားတာပါ။ ပြီးတော့ အင်တာနက် ပေါ်က ၀ထ္တုတစ်ခုကိုလည်း အခြေခံပြီးရိုက်ထားတာပါ။ Hwan-Hee က Joseon တိုင်းပြည်က အလိုရှိနေတဲ့ မျက်လှည့်ဆရာတစ်ယောက်ပေါ့
Hwan Hee  ငယ်ငယ်ကတည်းက ကြမ်းတမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပေါ့။ ငယ်စဉ်ကတည်းက၊ သူ(Hwan Hee) နဲ့သူ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Bo Eum က Gwi Moi ဆိုတဲ့ သူဆီမှာ အမြဲတမ်းအနိုင်ကျင့်ခံနေရပါတယ်။ Gwi Moi ဆိုတာကတော့ ချင်တိုင်းပြည်က မျက် 
လှည့်ဆရာတစ်ယောက်ပေါ့၊ ဒါပေမယ့် သူတို့တွေက Gwi Moi ရဲ့ လက်အောက်က နေထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ Cheng Myung ဆိုသူက Joseon တိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးပေါ့။ သူက ချင်တိုင်းပြည်မှာရှိတဲ့ မင်းသားနဲ့ လက်ထပ်ဖို့အတွက် ချင်တိုင်းပြည်ကို လည်ပတ်ခဲ့တယ်။
ဒါပေမယ့် သူက ချင်တိုင်းပြည်က မင်းသားနဲ့ လက်မထပ်ချင်ဘူး။ မိသားစုဝင်တွေရဲ့ တိုက်တွန်းမှုအရ ချင်တိုင်းပြည်ကို အလည်သွားခဲ့ရတာဖြစ်ပါတယ်။ အဲဒီမှာ မင်းသမီးလေးက တောင်စောင်းလေးမှာ မျက်လှည့်ဆရာ လေး Hwan-Hee နဲ့တွေ့ဆုံခဲ့လေရော၊ Hwan Hee က Cheong Myung
ကို မင်းသမီးမှန်း မသိဘဲ ၁၅၀၀ သံယောဇဉ်တွေ ရစ်ပတ်နွယ် ပြီးချစ်မိသွားလေရော၊၊ အက်မှာ ချင်တိုင်းပြည်က Gwi Moi က Hwan Hee နဲ့ Bo-Eum ကို လူအင်အားနဲ့လိုက်ရှာခဲ့ချိန်မှာတော့၊ (သူတို့နှစ်ယောက်ရဲ့ အချစ်က အဲ့မှာတင်ပဲရပ်သွားမလား) ဒါမှမဟုတ် (Gwi Moi လက်ထဲမှာ
အဖမ်းခံရမလား) ဘာဆက်ဖြစ်မလဲဆိုတာတော့ ဆက်မပြောတော့ ပဲ Holliday လည်း ဖြစ်သလို တန်ဆောင်မုန်း လပြည့်နေ့မှာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ Yoo Seung Ho စစ်မှုထမ်းးပြီးမှ ပထမဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားလေးကို HD, SD နဲ့ရှုစားကြပါလော။.....

(*အညွှန်းကိုတော့ Thant Hlaing Oo မှမရေးတတ်ရေးတတ်ရေးပေးထားပါတယ်။ အမှားအယွင်းများရှိခဲ့သော် ၊ ခွင့်လွှတ်ပေးဖို့လည်းတောင်းဆိုပါရစေ)


(*ဇာတ်ကားတစ်ကားလုံးကို ဘာသာပြန်ပေးတာကတော့ ကျွန်တော်တို့ DC ရဲ့ အမာခံ ကိုးရီးယား Translator ကြီး Ye Yint Kyaw မှဖြစ်ပါတယ်)


(*ဇာတ်ကားတစ်ကားလုံး ရုပ်ထွက်ကောင်းရုံသာမက၊ အရွယ်အစား small လေးနဲ့ပင် quality ကောင်ကောင်းဖြစ်အောင် Encode ပေးတာကတော့

Encoder ကြီး Aung Ko Lin ပဲဖြစ်ပါတယ်)

*THO*

Small Size - 400Mb (Available Now)

Big Size - 900 Mb (HD) (Coming Soon....)

Capture - 900Mb (5 rars) (Coming Soon....)

Rating တွေလည်းပေးခဲ့လို့ရပါတယ်။ ကျေးဇူးတင်ပါတယ်၊ မင်္ဂလာရှိသော တန်ဆောင်တိုင် အခါသမယ နေ့လေးဖြစ်ပါစေဗျာ

{[['']]}

Please, Come Back, Mister (2016) - မြန်မာစာတန်းထိုး ကိုးရီးယားဇာတ်လမ်းတွဲ

Please Come Back, Mister (2016)

Title: 돌아와요 아저씨 / Please Come Back, Mister
Chinese Title: 回來吧大叔
Also known as: Come Back Ahjussi / Come Back Mister
Previously known as: 안녕 내 소중한 사람 / Hello My Precious
Genre: Melodrama, Comedy
Episodes: 16
Broadcast network: SBS
Broadcast period: 2016-Feb-24 to 2016-Apr-14
Air time: Wednesday & Thursday 22:00

Cast 

Kim In Kwon as Kim Young Soo
Rain as Lee Hae Joon
Kim Soo Ro as Han Ki Tak
Kwak Dong Yeon as Han Ki Tak (young)
Oh Yeon Seo as Han Hong Nan
Lee Min Jung as Shin Da Hye
Lee Ha Nui as Song Yi Yeon
Ji Ha Yoon as Song Yi Yeon (young)
Choi Won Young as Cha Jae Gook
Yoon Park as Jung Ji Hoon

Plot 

Please come back Mister (2016)

Dream Channel ပရိတ်သတ်များးအားလုံးမင်္ဂလာပါခင်ဗျာ၊ ဒီတစ်ပတ်မှာတော့ ပရိတ်သတ်တွေအတွက် စိတ်ကျေနပ်မှုပေးနိုင်မယ့် အကောင်းဆုံးစီးရီး လေးတစ်ခုကို အကောင်းဆုံး ဘာသာပြန်မှုနဲ့တင်ဆက်ပေးထားပါတယ်၊၊ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်တဲ့ Rain ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲအောက်မှာပဲ Review လေးကို ဆက်ဖတ်ကြည့်ပါတော့နော်

Rain နဲ့ Oh Yeon seo တို့သရုပ်ဆောင်ထားတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ် DramaFever မှာ Rating 4.5 ရထားတဲ့ကားလေး 👍
အမျိုးအစားကတော့ Melodrama , comedy , romance , family ပါ ဒီကားထားမှာတော့ Kim Young Soo ကမိသားစုအတွက်အချိန်မပေးနိုင်ပဲ သူအလုပ်လုပ်တဲ့ကုန်တိုက်မှာပဲအချိန်ပေးပီး သူ့မိန်းမနဲ့ မင်္ဂလာနှစ်ပတ်လည်နေ့တောင်မလုပ်နိုင်ဘဲ အလုပ်အတွက်ပဲကြိုးစားနေခဲ့ရင်း မတော်တဆသေသွားခဲ့တယ် Han Gi Tak ကတော့ စားသောက်ဆိုင်ဖွင့်ထားပီး မင်းသမီး Song Yi Yeon နဲ့ကြိုက်ပီး ကားအက်စီးဒင့်နဲ့ဆုံးသွားတယ် Kim Young Soo နဲ့ Han Gi Tak တို့ ကောင်းကင်ဘုံသွားရမှာကိုမသွားပဲ လူ့ပြည်ပြန်လာခဲ့ပီး လူပြည်ပြန်ရောက်တော့ အရင်ပုံစံတွေမဟုတ်တော့ပါဘူး လူ့ပြည်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကတော့......DC ပရိတ်သတ်များ ဆက်လက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ.....


(Plot နှင့် Translate လုပ်ပေးသူကတော့ Myat Pwint Phyu San ဖြစ်ပါတယ်။)
(အကောင်းဆုံး ရုပ်သံ ဖြစ်အောင်ပြုလုပ်ပေးတဲ့ Encoder က Aung Ko Lin ပဲဖြစ်ပါတယ်။)

******************************THO**********************************

အောက်မှာဒေါင်းလုပ်ဆွဲပါ

{[['']]}

Ouija: Orii of the evil (2016)- မြန်မာစာတန်းထိုး








Ouija Origin of the evil 2016 - (မြန်မာစာတန်းထိုး)- HDrip - 650mb


IMDb rating 6.6
Director : Mike Flanagan
Release Date : Oct 21 , 2016
Genre - Horror movie


ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။
2014 ခုနစ်ကထွက်ရှိခဲ့တဲ့ Ouija ကားကိုသိကြမှာပါ
Ouija ဆိုတာကတော့ Game ကစားနည်းတစ်ခုပါ။ Ouija board နဲ့ကစားရတာပါ။
Ouija Board ကိုကစားရင်းဘလိုကြောက်စရာတွေတွေ့သွားမလဲ အောက်က အညွှန်းကို ဖတ်ရင်းခံစားကြပါဦး
1967 ခုနှစ် Los Angeles မြို့မှ မုဆိုးမတစ်ဦးနဲ့ သူ၏သမီးနှစ်ယောက် လိမ်လည်တဲ့စီးပွားရေးလုပ်ရင်း သူတို့အိမ်ကို မကောင်းဆိုးဝါးတစ်ကောင်ရောက်လာခဲ့ပါတယ် သမီးငယ်လေးကို ရက်စက်တဲ့မကောင်းဆိုးဝါးဝင်ပူးခံရပီး သူ့မိသားစုသူ့ကိုဘယ်လိုကယ်မလဲဆိုတာ Dreamer တို့ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါအုံး

- Ouija 2016 (Horror)
- Quality - HD 1080 p BR rip
- Size - 500 MB - 250 MB
-Myanmar Subtitle (Encoded)

*ဒီဇာတ်ကားကိုတော့ ကို SKL မှာ ဘာသာပြန်ထားတာကိုယူသုံးရတဲ့အတွက် ကို SKL ကိုအထူးပင်ကျေးဇူးတင်ပါတယ်*


*Encoded By - A17


*Review ကိုတော့ Myat Pwint Phyu မှရေးပေးထားပါတယ်*

Ouija Trailer လေးကို အမြည်းကြည့်သွားပါ

အောက်မှာသွားရောက်ဒေါင်းယူပါ




ဒေါင်းလုပ်ဆွဲမယ်

{[['']]}

Like Us On Facebook

 
Owned By : Thant Hlaing Oo | Dream Channel |
Copyright © 2016. Dream Channel - All Rights Reserved
Edited By Thant Hlaing Oo Published by Dream Channel
Thanks all our fans Have a great day!